Saturday, November 12, 2011

စာဖတ်နည်း



“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်၏” ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်း ဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီအထဲက S ဆိုတာကတော့ Situation “ခေတ်၏ အခြေအနေ”လို့ အကြမ်းဖျင်း အနက်ရတယ်။ I ဆိုတာကတော့ Intention “ စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ ၏ စေတနာ” ဖြစ်တယ်။ M ဆိုတာကတော့ Matter “အကြောင်းအရာ” ဖြစ်တယ်။

Saturday, October 29, 2011

ဂတိချိုချို ဂတိခါးခါး

တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။

Saturday, October 8, 2011

The king and the Gooseherd

Long ago, in a land across the sea, there lived a good king, who loved books more than anything else in the world.
One morning he was out walking in the country, where he had gone on holiday for a few days. As the sun was very hot, he stopped and sat down to rest on a seat under a tress. He took a book out of his pocket and tried to read it but, as he was very tired, he soon fell asleep.

Friday, September 2, 2011

ရာ ဇ သ င်္ကြံ ၏ ပန်း ပြား ပင် ချစ်ဦးညို

  • နာမည်ကျော် ရာဇ၀င်ထွက် ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါသည်။
    နောင်တော် သီဟသူ  ပုဂံပြည် ထီးနန်းကိုယူ၍ မင်းမူသောအခါ ညီတော် နရသီဟပတေ့က ရာဇသင်္ကြံအိမ်သွား၍ “ အဘိုး ကျွန်တော့် ကို မစပါ” ဟုဆို၏ ။အမတ်ကြီးက

Thursday, September 1, 2011

မြတ်စွာဘုရား၏ မြင့်မြတ်ခြင်းများ

၁။ ဇာတိမဟတ္တ- အမျိုးဇာတ်အားဖြင့်ကြီးကျယ်မြင့်မြတ်ခြင်း။
၂။ ပုညမဟတ္တ- ဘုန်းသမ္ဘာ ကိုသိုလ်ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။

Friday, July 22, 2011

ဓမ္မအမေး အဖြေ

မေးခွန်း။         ဘုန်းဘုန်းဘုရား မန်ဒါရာ (မန္တရ၀ါဒ) ကဝဇိရယာန နဲ့  ဆက်စပ်နေ ပါလားဘုရား ၊ ဝဇိရယာနက English လို (Esoteric Buddhism - vajrayāna) ပါလားဘုရား။ တပည့် တော်လေ့လာ တိုက်ကြည့်နေတာ မသေချာလို့မေးကြည့်တာပါဘုရား။
                              Ma Yin Yin Aye (Department of Korean Studies) Ewha Womans University,

ဖြေ။     ၀ဇိရယာနကို သာသနာသက္ကရာဇ် ၁၁၄၄-၁၁၉၄ တွင် ဒုတိယနာဂဇုနက တီထွင်ပါသည်။

ဗောဓိသတ္တ


မဂ်ဉာဏ်လေးပါးနှင့် သဗ္ဗညုတဉာဏ်ကို ဗောဓိဟုခေါ်သည်၊ ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ ၀ါသနာနှင့်တကွ ကိလေသာတို့ကို ပယ်စွမ်းနိုင်သည့် သတ္တိထူးရှိသော မဂ်ဉာဏ်လေးပါး၊ ခပ်သိမ်းသော ဉေယျဓမ်တရားတို့ကို သိမြင်နိုင်သော သဗ္ဗညုတ်ဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟုတ်ခေါ်သည်၊

Friday, July 8, 2011

အိတ်ပေါက်နဲ့တော့ ဖားမကောက်ချင်ပါ

ဦးတိဿလို့ဆိုရင် အဲသည်နယ်တစ်ဝိုက်မှာ မသိသူရှားပါတယ်။ ဘာလို့လည်းဆို တော့ ဦးတိဿက အဟောအပြောသိပ်ကောင်းတော့ အလှူပွဲအတန်းပွဲတိုင်းလိုလို သူချည်းတရားဟောနေရတာကိုး။  နောက်ပြီး ဦးတိဿက ဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဆိုတော့ မန္တလေးက နာမည်ကြီးစာသင်တိုက်ကြီးတစ်တိုက်မှာ စာချဆရာတော်လည်း လုပ်နေပါတယ်။ အဲဒီဂုဏ်ပုဒ်တွေနဲ့အညီ ဦးတိဿကလည်း အနေအထိုင်မှန်တယ်။ စကားပြောနည်းတယ်။ ရိုးသားတယ်၊ ပွင့်လင်းမှုရှိတယ်၊

Good Questions and Good Answers (part-6)

Meditation
What is meditation?
Meditation is a conscious effort to change how the mind works. The Pali word for meditation is 'bhavana' which means 'to make grow' or 'to develop'.
Is meditation important?
Yes, it is. No matter how much we may wish to be good, if we cannot change the desires that make us act the way we do, change will be difficult. For example, a person may realize that he is impatient with his wife and he may promise himself, "From now on I am not going to be so impatient" But an hour later he may be shouting at his wife simply because, not being aware of himself, impatience has arisen without him knowing it. Meditation helps to develop the awareness and the energy needed to transform ingrained mental habit patterns.

Thursday, July 7, 2011

ဓမ္မအမေး အဖြေများ

မေးခွန်း။         နိကာယ်၊ အဋ္ဌကထာ၊ သုတ္တန်၊ ၀ဂ်၊ တို့သည် မည်သို့ကွာခြားပါသလဲဘုရား၊  အဋ္ဌကထာ ဆရာက (ပြောတယ်) နဲ့ ယခုခေတ် ဘုန်းကြီးတွေက ပြော (ဆိုလေ့) ကြပါတယ်ဘုရား၊ ထွင်ထား တာလား (ဘုရား)၊ ဘုရားဟောကို ချဲ့ထားတာလား (ဘုရား)၊ ၀ိနည်း ပါတိမောက္ခကတော့ သိပါတယ် ဘုရား၊ သုတ္တန်ကလည်း သိသလိုလိုဘဲ လူပေါ်မူတည် အကြောင်းအရာ အဖြစ်အပျက်ပေါ်မူတည်ပြီး ဟောသွား တယ်လို့ အကြမ်းဖျင်း သိထားပါတယ်ဘုရား။  
ဒေါ်ကြည်ကြည်သက် ၊ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်
            
  ဖြေ။              ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိ ကာယ်ဟူ၍ နိကာယ်ငါးရပ်ရှိပါသည်။ ယနေ့ခေတ်ပြောနေကြသော သင်ရိုးပိဋကတ်သုံးပုံဆိုသည်မှာ နိကာယ်နှစ်ခု အတွင်းမှာသာ ရှိပါသည်။

Good Questions and Good Answers (part-5)

The Five Precepts                                                                                                                                                                    Other religions derive their ideas of right and wrong from the commandments of their god or gods.  You Buddhists don't believe in a god, so how do you know right from wrong?         
  Any thoughts, speech or actions that are rooted in greed, hatred and delusion and thus lead us away from Nirvana are bad and any thoughts, speech or actions that are rooted in giving, love and wisdom and thus help clear the way to Nirvana are good.

Saturday, July 2, 2011

ဓမ္မအမေး အဖြေများ

ဆရာတော်ဘုရား တပည့်တော်မေးခွန်းလေးတစ်ခုပေါ်လာလို့ပါဘုရား။ ဘုရားစေတီတွေ တည်ကြတဲ့အခါ ဌာပနာ ပစ္စည်းတွေ အဖိုးတန်တွေ ထည့်ပြီး တည်ခဲ့ကြတာတွေရှိတယ်မို့လားဘုရား။ အဲဒီဘုရားတည်တဲ့ ဘုရားဒကာ တစ်ချို့တွေက ဒီပစ္စည်းတွေက ဘုရားအတွက်ပဲ လှူထား တာဖြစ် လို့ ယူငင်သုံးဆောင်တဲ့သူတွေ ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုပြီး တကယ့်ကို ကြောက်စရာ ကျိန်စာတွေ တိုက်ခဲ့ကြတယ်ဆိုတာ ကြားဖူးပါတယ်ဘုရား။တပည့်တော်တို့ ကံသုံးပါး ကျူးလွန်မှုထဲမှာ မနောကံက အပြစ်အကြီးဆုံး၊ နောက်ဝစီကံ ကာယကံ စသည်ဖြင့်သွားတဲ့အခါ အခုလို ကျိန်စာတိုက်တဲ့သူဟာ မနော ကံနဲ့ဝစီကံကိုကျူးလွန်ခဲ့ တာမို့နောက်သူ့ကျိန်စာစူးရင် စူးရောက်သလို တဖက်သားတွေမှာ လည်းဆွေ စဉ်မျိုးဆက်ကျိန်စာသင့်ကြရတာမို့အဲဒီလို ကျိန်စာတိုက်တဲ့ ဘုရားဒကာမှာ ဘုရားတည်တဲ့

Good Questions and Good Answers (part-4)

But how does wanting and craving lead to physical suffering?
A lifetime wanting and craving for this and that and especially the craving to continue to exist creates a powerful energy that causes the individual to be reborn. When we are reborn, we have a body and, as we said before, the body is susceptible to injury and disease; it can be exhausted by work; it ages and eventually dies. Thus, craving leads to physical suffering because it causes us to be reborn.

Friday, July 1, 2011

နိဿယကျမ်းပြုပုဂ္ဂိုလ်၏ အတ္ထုပ္ပတ်(၃)


တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသ
တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသသည် သာသနာတွင် ထင်ရှားကျော်ကြားတော်မူခဲ့သော ဆရာတော် တစ်ပါးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ပရိယတ်၊ ပဋိပတ် အလုပ်နှစ်ဖြာနှင့် သာသနာတော်ကို ချီးမြှောက်ပူဇော်တော်မူခဲ့သည့် သဗ္ဗညုတ ဘုရားဆုပန် မထေရ်မြတ်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။ တိပိဋကာလင်္ကာရထေရ်လောင်းလျာကို (သက္ကရာဇ်-၉၆၁ ခုနှစ်တွင် ရတနာပူရအင်းဝနန်းမြို့တော်၌ နန်းတတ်တော်မူသော သတိုးမင်းစောလက်ထက်) သက္ကရာဇ်-(၉၄၀)ပြည့်နှစ်တွင် စလင်းမြို့၌ ဖွာင်းမြင်တော်မူခဲ့သည်။ ငယ်ရွယ်စဉ်အခါကပင် သာမဏေ၀တ်ခဲ့ရာ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်၏။ ငါးဆူဒါယကာမင်းလက်ထက် သက္ကရာဇ်-(၉၅၃) ခုနှစ်တွင် ရဟန်းသံဃာတော်များကို ပင့်ဆောင်၍ ကိုးကွယ်ခဲ့ရာ သက်တော်(၁၃)နှစ်အရွယ်မျှသာရှိသေးသည့် သာမဏေငယ်လေး ရှင်မုနိန္ဒဃောသသည်လည်း ပြည်မြို့သို့ ပင့်ဆောင်ကိုးကွယ်ခြင်း ခံရ၏။ ပြည်မြို့သို့ရောက်သောအခါ မိမိ၏အနွယ်အဆက်ဖြစ်သော သီဟိုဠ်ပြန်ဆရာတော် ရှင်အတုလ၀ံသ၏ န၀င်းတောင်ကြားကျောင်းတိုက်၌ သီတင်းသုံးတော်မူလျက် ပညာသင်ကြားတော်မူခဲ့၏။ များမကြာမီ မင်းကြီးနောင်း၏ ကိုးကွယ်ကြည်ညိုမှုကို ခံယူရရှိတော်မူခဲ့သောကြောင့် ဂုဏ်သတင်းထင်ပေါ်ကျော်ကြားခဲ့သည်။

Good Questions and Good Answers (part-3)

What are the main teachings of the Buddha?
All of the many teachings of the Buddha centre on the Four Noble Truths, just as the rim and spokes of a wheel centres on the hub. They are called 'Four' because there are four of them. They are called 'Noble' because they ennoble one who understands them and they are called 'Truths' because, corresponding with reality, they are true.

What is the First Noble Truth?

ဘာသာရေး ပြဿနာများ

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ဘုရားနှင့် ခြင်္သေ့ )
ဘုရားစေတီများ၌ ခြင်္သေ့ရုပ်များ ထားရှိခြင်းကို အရှင်ဘုရား၏ အဖြေလွှာတခု၌ တွေ့ရ၍ သဘောကျပါသည်။
တပည့်တော် ဘုရားတဆူ၌ ခြင်္သေ့ရုပ် ပြုလုပ်လှူဒါန်းလိုရာ ခြင်္သေ့ရုပ်ကို ဘုရား၌ ကျောခိုင်းမထားဘဲ ဘုရားဘက်သို့ မျက်နှာလှည့်၍ ထားလိုပါသည်၊ သင့်-မသင့် အဖြေပေးသနားတော်မူပါဘုရား။
( ဦးလှမောင်-မိတ္ထီလာမြို့ )

( ဖြေ )
ရှေးက ဓာတ်တော်တိုက်များ၊ အမြင့်အမြတ် ဌာနများတွင် ခြင်္သေ့၊ မြင်း၊ ဆင်၊ စသော အမြင့်အမြတ် အထိမ်းအမှတ် အရုပ်များကို အစောင့်အနေအဖြစ် ထားကြရာ မြန်မာများက ခြင်္သေ့ကို အသုံးများကြသည်။
ဤတွင် အစောင့်အနေ၊ အစောင့်အရှောက် ဟူသော စကားကို အလေးအနက် အမှတ်အသားပြုသင့်ပေသည်။

Monday, June 27, 2011

Good Questions and Good Answers (part-2)

But I have heard people say that Buddhists worship idols.
Such statements only reflect the misunderstanding of the persons who make them. The dictionary defines an idol as "an image or statue worshipped as a god".  As we have seen, Buddhist do not believe that the Buddha was a god, so how could they possibly believe that a piece of wood or metal is a god? All religions use symbols to express various concepts.  In Taoism, the ying-yang is used to symbolize the harmony between opposites. In Sikhism, the sword is used to symbolize spiritual struggle.  In Christianity, the fish is used to symbolize his sacrifice. And in Buddhism, the statue of the Buddha also reminds us of the human dimension in Buddhist teaching, the fact that Buddhism is man-centered, not god-centered, that we must look within not without to find perfection and understanding.  So to say that Buddhist worship idols is not correct. 

Why do people burn paper money and do all kinds of strange things in Buddhist temples?

Sunday, June 26, 2011

Good Questions and Good Answers


What is Buddhism?

QUESTION:  What is Buddhism?
ANSWER:  The name Buddhism comes from the word ‘budhi’ which means ‘to wake up’ and thus Buddhism is the philosophy of awakening. This philosophy has its origins in the experience of the man Siddhata Gotama, known as the Buddha, who was himself awakened at the age of 36. Buddhism is now 2,500 years old and has about 300 million followers world-wide. Until a hundred years ago, Buddhism was mainly an Asian philosophy but increasingly it is gaining adherents in Europe and America.

QUESTION:  So Buddhism is just a philosophy?

Thursday, June 2, 2011

နိဿယကျမ်းပြုပုဂ္ဂိုလ်၏ အတ္ထုပ္ပတ်(၂)


ရှင်မဟာသီလ၀ံသ
မြန်မာ့စာပေသမိုင်းတွင်”သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလ၀ံသတည်း” ဟူ၍လည်းကောင်း”ပါရမီ မသီနှင့်” ဟူ၍လည်းကောင်း၊ “တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင် သီလ၀င်”ဟူ၍လည်းကောင်း ဥဒါန်းတွင်ခဲ့သော “ပေလေးပင် ရှင်လေးပါး”  အ၀င်အပါ

What Is This Religion? (Part Two)


Ven. Dr. K. Sri Dhammananda 
6. Heavenly Bliss
The followers of this religion do not regard themselves as being the only chosen people who could get the chance to attain heavenly bliss. They believe that man creates his own hell or heaven according to his way of life and that sufferings in hell or realization of heavenly bliss can be experienced in this earthly life instead of in the life hereafter, as commonly believed. This religious teacher never tried to introduce his teaching by frightening people through hell fire or by tempting them with everlasting heavenly life but by revealing the truth. In accordance with these teachings, anyone can enjoy heavenly bliss so long as one leads a

Tuesday, May 31, 2011

လူသားမှောင်ခို ဈေးကွက်တဲ့လေ

မှတ်ချက်= နှလုံးရောရှိသူများနှင့် စိတ်မခိုင်သူများ လုံးဝ လုံးဝ မကြည့်ပါရန် ကြိုတင် အသိပေးပါတယ် လူသားချင်း စားတဲ့ခေတ်ကိုရောက်နေပြီလားဆိုတာ သိစေချင်လို့ တင်ပေးလိုက်တာပါ ဗဟုသုတ ရပါစေဆိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ တင်ပေးလိုက်တာပါ တစ်စုံတစ်ခု ထိခိုက် နစ်နာသွားတယ်ဆိုယင်တော့ ခွင့်လွှတ်နားလည်ပေးကြပါလို့ပဲ ပြောပါရစေ။ 
ဘယ်ဟာကြိုက်လဲ တဲ့

အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်


 
၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။

What Is This Religion? (Part One)

 Ven. Dr. K. Sri Dhammananda
1. Introduction
Every man must have a religion especially one which appeals to the intellectual mind. A man failing to observe religious principles becomes a danger to society. While there is no doubt that scientists and psychologists have widened our intellectual horizon, they have not been able to tell us our purpose in life, something a proper religion can do. 
Man must choose a rational and meaningful religion according to his conviction without depending on mere beliefs, traditions, customs and theories. No one has the right to force him to accept any religion. No one should exploit poverty, illiteracy or arouse human emotional feelings to induce him to accept a religion. Religion should be a free choice. 
Man should be free to choose his own religion according to his liking and intellectual capacity. To follow a religion blindly without any understanding would deprive the religion of its spiritual value and the follower his human dignity. Human beings have intelligence and common sense to differentiate between what is right and wrong. They can adapt themselves according to circumstances. They should therefore choose a religion that is suitable to them and one that meets with their human intelligence. They must be properly guided and then given a chance to decide freely without any coercion. 

Sunday, May 29, 2011

စိတ်ဝင်စားစရာကောင်းတဲ့ ဆေးမင်ကြောင်တွေပါ

Friday, May 27, 2011

Nature of the mind change the world


Besides man-made disasters, some other forms of natural disasters also occur due to human mental pollution.

Wednesday, May 25, 2011

နိဿယကျမ်းပြုပုဂ္ဂိုလ်၏ အတ္ထုပ္ပတ် (၁)


ရှင်ဥတ္တမကျော်
ရှင်ဥတ္တမကျော်သည် အင်းဝခေတ်တွင် ထင်ရှားကြော်ကြားသော စာဆိုတော်တစ်ပါးဖြစ်၏။
သက္ကရာဇ်-၈၀၀ ပြည့်နှစ်အတွင်း၌ တောင်တွင်းကြီးမြို့တွင့် ထူးကဲစွာ တဘောင်ပေါ်လာခဲ့
သည်။ ထိုတဘောင်ကား--

Tuesday, May 24, 2011

ပဋိသန္ဓေကပင် သရဏဂုံတည်သောဝတ္တု


တစ်ရံရောအခါ မြတ်စွာဘုရားသည် သံသုမာရဂိရိမြို့သို့ ကြွရောက်တော်မူလေသည်။ ထိုအခါ ဗောဓိမင်းသားသည် လုလင်တစ်ယောက်နှင့် မြတ်စွာဘုရားထံသို့လာ၍ ချမ်းသာသုခမည်သည်ကို ဒုက္ခနှင့်ရင်းမှ ရနိုင်သည်ဟုထင်မိပါကြောင်း လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက မှန်ပေတယ်

Monday, May 23, 2011

Religion and divine nature

The religion way of life is the cultivation of humane qualities and when life is purified it is called divine power.

သရဏဂုံခံယူမှု နှင့် ရမှု့

သရဏဂုံဆောင်တည်မှုနှင့်ပါတ်သက်ပြီး သီလက္ခန် အဋ္ဌကထာမှာ [သရဏဂမနံ ပန ဧကဘိက္ခုဿ ၀ါ သန္တိကေ သံဃဿ ၀ါ ဂဏဿ ၀ါ သကိံဂဟိတံ ဂဟိတမေ၀ ဟောတိ]။
လို့ဖွင့်ဆိုထားပါတယ် ဆိုလိုရင်းကတော့ သရဏဂုံခံယူဆောင်တည်မှုမည်သည် ရဟန်းတစ်ပါးထံမှာဖြစ်ဖြစ်၊ နှစ်ပါး၊သုံးပါး၊လေးပါး၊ ငါးပါး သောဂိုဏ်းတို့ရဲ့ အထံမှာဖြစ်ဖြစ် တစ်ကြိမ်တည်းဆောက်တည်ပြီးလျှင်

Wednesday, March 16, 2011

သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု

သရဏဂုံတည်မှု၊ သရဏဂုံပျက်မှုသည်နေ့ရက်အပိုင်းအခြားနှင့် မှန်းထား၍ ခံယူဆောက်တည်ရသော အရာမျိုးမဟုတ်၊ နေ့ရက်အပိုင်းအခြားနှင့် ခံယူဆောက်တည်၍မရ၊ ပါဏုပေတံ အသက်ထက်ဆုံးပြု၍ ခံယူဆောက်တည်ရသော အရာမျိုးပေတည်း၊ ပါဏုပေတံ-အသက်ထက်ဆုံးပြု၍ ခံယူဆောက်တည်မှရ၏၊ ထို့ကြောင့် သိက္ခာပုဒ်တို့သာလျှင် ပိုင်းခြားသော နေ့ရက်ကိုလွန်လျှင် ပျက်မှုဟူ၍ အသီးအခြားရှိသည်၊ သရဏဂုံ၌ ပိုင်းခြားသောနေ့ရက်ကိုလွန်၍ ပျက်မှုမရှိ၊ သေလွန်မှ ပျက်မှုသာရှိသည်။ (ကျူးလွန်၍ပျက်မှုကား-သီလ,သရဏဂုံ ၂ ပါးစုံပင်ရှိ၏။)
အထူးမူကား

Tuesday, February 22, 2011

စာဖတ်နည်း

“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်၏” ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်း ဖြစ်တယ်။
စာဖတ်နည်းကို

Monday, February 21, 2011

အောင်မြင်ရေး နည်းလမ်းများ

အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း

Saturday, February 5, 2011

ဗုဒ္ဓဘာသာ

            ဗုဒ္ဓဘာသာဟူသည် မြတ်ဗုဒ္ဓဟုခေါ်သည့် သဗ္ဗညုဘုရားရှင်တော်မြတ်၏တရားတော်ကို ဗုဒ္ဓဘာသာဟုခေါ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာကျင့်ကြံနေထိုင်သူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်၏။

Tuesday, January 25, 2011

ဗျဿနတရား(၅)ပါး

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း

(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

ဝိပတ္တိတရား(၄)ပါး

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ။

(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်၍့်မကောင်းသော ဂတိတို့၌ဖြစ်ခြင်း။

(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း။

(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့တို့၎င်း။

ရန်သူမျိုး(၅)ပါး

၁) ရေ

(၂) မီး

(၃) မင်း

(၄) ခိုးသူ

(၅) မချစ်မနှစ်သက်သောသူ ဟူ၍ ရန်သူမျိုး ငါးပါး။

ရပ်ပြစ်(၈)ပါး

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်

(၁၊) ဘုရားပွင့်နေဆဲအခါ ငရဲကျနေသူတို့အရပ် ၊
(၂)တိရစ္ဆာန်ဘုံသို့ရောက်နေသောသူတို့အရပ် ၊
(၃)ပြိတ္တာ စသော အပါယ်အရပ်၌ရောက်သောသူတို့ အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊

Monday, January 24, 2011

ကပ်(၃)ပါး

(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။)

(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကားများသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။)

(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ပြိတ္တာဘုံသို့ရောက်ကြရ၏။)

အပါယ်(၄)ပါး

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၎။ အသူရကာယ်

အများသုံး သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ

ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး ၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘ၀ဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

မိုးကုတ်ဆရာတော်၏ သြကာသ ကန်တော့ချိုး

သကာသ သြကာသ သြကာသ

ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ၀ိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

Saturday, January 22, 2011

မဟာစည်ဆရာတော်ကြီး၏ သြကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ, ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

သြကာသ ဘုရားရှိခိုး ၁

သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ၀ိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

သြကာသ ဘုရားရှိခို

သကာသ ဘုရားရှိခိုး သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ သြကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ သြကာသ ဘုရားရှိခိုး ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတပ်သည်။

Wednesday, January 19, 2011

ဘလော့စတင်ခြင်း

ဒီဘလော့ကို 19.1.2011. အမေ့များနေ့မှာ စတင်ဖွင့်လင့်ခြင်းဖြစ်ပါသည်၊ ပညာရှင်တစ်ယောက်အဖြစ်နဲ့ ဖန်တီးခဲ့တာ မဟုတ်တဲ့အတွက်ကြောင့် ပုထုဇဉ်မှန်သမျှ အမှားမကင်းဘူးဆိုတဲ့စကား အတိုင်း အခု ဘလော့ထောင်သော အရှင်သည်လည်း ပုထုဇဉ်တွေထဲက ပုထုဇဉ် တစ်ယောက်ဖြစ်သောကြောင့် အမှားကို လက်ဆွဲပြီး လမ်းလျှောက်မိပါလိမ့်။