Thursday, April 5, 2012

သင်္ဂဇာ ဆရာတော်၏ သိင်္ဂါလောဝါဒ ဆုံးမစာများ

သားသမီးကျင့်ဝတ်(၅)ပါး

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။

မိဘကျင့်ဝတ်(၅)ပါး


မကောင်းမေတ္တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှင်းရင်း ထိမ်းမြှားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့သာ။

တပည့်ကျင့်ဝတ်(၅)ပါး

ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ။
ဆရာ့ကျင့်ဝတ်(၅)ပါး
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

လင့်ကျင့်ဝတ်(၅)ပါး

မထီမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ၀တ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်(၅)ပါး

အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ်(၅)ပါး

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေမိတ်သဟာ။

သခင်ကျင့်ဝတ်(၅)ပါး

ဝစွာကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွှတ် အရှင်ဝတ် မချွတ်ငါးခုသာ။

ကျွန်ကျင့်ဝတ်(၅)ပါး

အိပ်သော်နောက်ကျ ထသော်ကားရှေး ပေးမှယူအပ် စေ့စပ်ဆောင်ရွက် ကျေးဇူးမြွက် ငါးချက်ကျွန်တို့သာ။

ဒါယကာကျင့်ဝတ်(၅)ပါး

မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ကြင် ခင်မင်နှုတ်ချို လိုလျှင်ဖိတ်ထား တတ်အားလှုစေ ၀တ်ငါးထွေ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ်(၅)ပါး

မကောင်းမြစ်တာ ကောင်းရာညွှန်လစ် အသစ်ဟောကျူး နာဖူးထပ်မံ နတ်ထံတင်ရာ မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေချာ။
(မှတ်ချက်။ ။ဗုဒ္ဓဘာသာအခြေခံလက်စွဲ ဆယ်စောင်တွဲ မှ ပြန်လည်ဖော်ပြပါသည်)

0 comments:

Post a Comment