Monday, September 30, 2013

 စိတ်ကြိုက် အဆုံးအမ
မှားယွင်းမှုဟူသည် မောဟမကင်းသူလူတိုင်းနှင့်ဆက်ဆံ၏
သူတစ်ပါးများလျှင် အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။

ငါ့ကိုပြုပြင်သူကို ငါ့ဆရာဟု အမှတ်ပြုမည်။
သူတစ်ပါးအကျိုးကို ငါလိုလားမှ
ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။
ငါ့အလိုသို့သာ တစ်ဖတ်သက်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်
သုခ၏မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏မျိုးစေ့ဖြစ်သော သုခကို
ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့အလုပ်နှင့်တူသောအကျိုးကို
မချွတ်ငါရမည်။
(အဘိဓဇမဟာရဋ္ဌဂုရု ညောင်တုန်းမြို့၊ ရွှေဟင်္သာတော်ရ၊ စတုတ္ထစံကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိမလ)

0 comments:

Post a Comment