ဗုဒ္ဓဘာသာဟူသည် မြတ်ဗုဒ္ဓဟုခေါ်သည့် သဗ္ဗညုဘုရားရှင်တော်မြတ်၏တရားတော်ကို ဗုဒ္ဓဘာသာဟုခေါ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာကျင့်ကြံနေထိုင်သူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်၏။
ဘုရား၊ တရား၊ သံဃာဟုဆိုအပ်သော ရတနာသုံးပါးကို စစ်မှန်သောသဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ပြီး သရဏဂုံဆောက်လိုက်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်ဟုခေါ်ဆိုနိုင်သည်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဖို့ဆိုလျှင် ရတနာမြတ်သုံးပါ၏အကြောင်းကိုကောင်းစွာသိထားဖို့လိုအပ်သလို ပညာနှင့်ယှဉ်တဲ့ ကိုးကွယ်ဆည်းကပ်၊ ပူဇော်တတ်ရန်လည်းအထူးလိုပါသည်။
ဘုရား၊ တရား၊ သံဃာဟုဆိုအပ်သော ရတနာသုံးပါးကို စစ်မှန်သောသဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ပြီး သရဏဂုံဆောက်လိုက်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်ဟုခေါ်ဆိုနိုင်သည်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဖို့ဆိုလျှင် ရတနာမြတ်သုံးပါ၏အကြောင်းကိုကောင်းစွာသိထားဖို့လိုအပ်သလို ပညာနှင့်ယှဉ်တဲ့ ကိုးကွယ်ဆည်းကပ်၊ ပူဇော်တတ်ရန်လည်းအထူးလိုပါသည်။
ရတာနာသုံးပါးကို အာရုံပြုခြင်း
ရတာနာသုံးပါးကို ပူဇော်ကန်တော့ခြင်းမပြုမီ ပထမဆုံး မြတ်စွာဘုရားကို သက်ရှိထင်ရှားရှိနေသည့်အလား မိမိတို့ရဲ့စိတ်ထဲထင်မြင်လာရန် အာရုံပြုရမည်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား၏ ဆင်းတုတော်၊ ပုံတော်၊ စေတီတော်များကို ရှိခိုးပူဇောခြင်းထက် သက်တော်ထင်ရှားမြတ်စွာဘုရားရှိသည့်အလား စိတ်ထဲတွင် ထင်လာစေရန် အာရုံပြုပြီး ရှိခိုးပူဇော်ခြင်းက ပို၍ အကျိုးကြီးမားပါသည်။ ထို့အတူ မြတ်စွာဘုရား၏ တရားတော်မြတ်ကိုဆည်းကပ်ရာတွင်လည်း ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့၏ ဟောကြားတော်မူခဲ့ကြသော တရားအစစ်အမှန်၊ ကျန်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း တရားတို့ကို မိမိတို့၏ စိတ်ထဲတွင်ထင်မြင်လာအောင်အာရုံပြရသည်။ သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ်ဆည်းကပ်ရာတွင်လည်း သံဃာ့ဂုဏ်တော်များနှင့် ပြည့်စုံညီညွတ်ကြသည့် အရိယာဖြစ်ပြီးသော သံဃာတော်အရှင်မြတ်တို့ကိုအမှူးထား၍ အရိယာသံဃာတော်တို့နှင့် ၀ိနည်း၊ အကျင့်၊ သိက္ခာချင်းတူညီကြ၍ ကိုးကွယ်ဆည်းကပ်အပ်သော သမ္မုတိ ရဟန်း သံဃာတော်အပေါင်းတို့အား စိတ်တွင်ထင်မြင်လာစေရန် အာရုံပြရသည်။ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ် ပူဇော်ကန်တော့ရာတွင် ဘေးကြောက်ခြင်းတည်းဟူသော ဘယ၊ လာဘ်အခိုရှိခြင်းတည်းဟူဟော လာဘနှင့် မျိုးရိုးတို့၏အကျင့်ဟူဟော ကုလာစာရ စသည်တို့မှ ကင်းစင်၍ သတ္တ၀ါအပေါင်းကို လောကီ၊ လောကုတ္တရာ ဒုက္ခဆင်းရဲခြင်းခပ်သိမ်းတို့မှ ကင်းလွတ်စေပြီး မဂ် ဖိုလ် နိဗ္ဗာန်တည်းဟူသော ချမ်းသာအစ်အမှန်ကို ရရှိစေရန် လမ်းညွန်ပေးကြသည့် ကျေးဇူးတော်အနန္တရှင်များအဖြစ် ယုံကြည်သော စေတနာသဒ္ဓါတရား သက်သက်ဖြင့်သာ ကိုးကွယ်ဆည်းကပ်ကန်တော့ထိုက်၏။ အကောင်းဆုံးသောနည်းလမ်းသည် မိမိ၏ရှေ့မှောက်တွင် ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်များ ရှင်စ္စေကဗုဒ္ဓါများ၊ ရဟန္တာမထောရ်မြတ်ကြီးများ၊ အရိယာသံဃာတော်များနှင့် အရိယာနွယ်ဝင် သမ္မုတိ သံဃာတော်အရှင်မြတ်များ သီတင်းသုံးစံပယ်နေကြပုံများကို စွဲစွဲမြဲမြဲအာရုံပြုပြီး ဆည်းကပ်ပူဇော်ကန်တော့ရမည်။ ထိုသို့ ရှိခိုးကန်တော့ရာတွင်လည်း စိတ်တွင် အာရုံစွဲမြဲစွာ ရစေရန်နှင့် လေးလေးနက်နက်ရှိစေရန်၊ ဌာန်ကရိုဏ်းကျကျ၊ ပီပီသသ၊ ပြတ်ပြတ်သားသား မနှေးမမြန်ရွတ်ဆိုပူဇော်ရသည်။ သို့မှသာ မိမိ၏ ရွတ်ဆိုမှုနောက်သို့ အာရုံက လိုက်ပါနိုင်သဖြင့် ပို၍အကျိုးများပေမည်။
0 comments:
Post a Comment