တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသ
တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသသည် သာသနာတွင် ထင်ရှားကျော်ကြားတော်မူခဲ့သော ဆရာတော် တစ်ပါးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ပရိယတ်၊ ပဋိပတ် အလုပ်နှစ်ဖြာနှင့် သာသနာတော်ကို ချီးမြှောက်ပူဇော်တော်မူခဲ့သည့် သဗ္ဗညုတ ဘုရားဆုပန် မထေရ်မြတ်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။ တိပိဋကာလင်္ကာရထေရ်လောင်းလျာကို (သက္ကရာဇ်-၉၆၁ ခုနှစ်တွင် ရတနာပူရအင်းဝနန်းမြို့တော်၌ နန်းတတ်တော်မူသော သတိုးမင်းစောလက်ထက်) သက္ကရာဇ်-(၉၄၀)ပြည့်နှစ်တွင် စလင်းမြို့၌ ဖွာင်းမြင်တော်မူခဲ့သည်။ ငယ်ရွယ်စဉ်အခါကပင် သာမဏေ၀တ်ခဲ့ရာ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်၏။ ငါးဆူဒါယကာမင်းလက်ထက် သက္ကရာဇ်-(၉၅၃) ခုနှစ်တွင် ရဟန်းသံဃာတော်များကို ပင့်ဆောင်၍ ကိုးကွယ်ခဲ့ရာ သက်တော်(၁၃)နှစ်အရွယ်မျှသာရှိသေးသည့် သာမဏေငယ်လေး ရှင်မုနိန္ဒဃောသသည်လည်း ပြည်မြို့သို့ ပင့်ဆောင်ကိုးကွယ်ခြင်း ခံရ၏။ ပြည်မြို့သို့ရောက်သောအခါ မိမိ၏အနွယ်အဆက်ဖြစ်သော သီဟိုဠ်ပြန်ဆရာတော် ရှင်အတုလ၀ံသ၏ န၀င်းတောင်ကြားကျောင်းတိုက်၌ သီတင်းသုံးတော်မူလျက် ပညာသင်ကြားတော်မူခဲ့၏။ များမကြာမီ မင်းကြီးနောင်း၏ ကိုးကွယ်ကြည်ညိုမှုကို ခံယူရရှိတော်မူခဲ့သောကြောင့် ဂုဏ်သတင်းထင်ပေါ်ကျော်ကြားခဲ့သည်။