Saturday, November 12, 2011

စာဖတ်နည်း



“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်၏” ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်း ဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီအထဲက S ဆိုတာကတော့ Situation “ခေတ်၏ အခြေအနေ”လို့ အကြမ်းဖျင်း အနက်ရတယ်။ I ဆိုတာကတော့ Intention “ စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ ၏ စေတနာ” ဖြစ်တယ်။ M ဆိုတာကတော့ Matter “အကြောင်းအရာ” ဖြစ်တယ်။

Saturday, October 29, 2011

ဂတိချိုချို ဂတိခါးခါး

တစ်ခါတုန်းက အနိဝတ္တဗြဟ္မဒတ်မင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အနိဝတ္တဆိုတာ မြန်မာလို ပြန်ရင်တော့ နောက်မဆုတ်တဲ့မင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အဲဒီမင်းက ဘာကိုပဲလုပ်လုပ် နောက်ဆုတ်လေ့ မရှိပါဘူးတဲ့။
တစ်နေ့တော့ အနိဝတ္တမင်းက ဥယျာဉ်တော်ကို ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တောမီး ထလောင်ပါတယ်။ မီးက အစိုအခြောက် မရွေး သစ်ပင်မြက်ပင်တွေကို အကုန်လောင်တော့တာပါ။ နောက်မဆုတ်ဘဲ ရှေ့ကို တိုးတိုးပြီးတော့ လောင်သွား တာပါ။ အနိဝတ္တမင်းက လောင်နေတဲ့ မီးကို ဥပမာပြုပြီး အာရုံနိမိတ် ယူပါတယ်။

Saturday, October 8, 2011

The king and the Gooseherd

Long ago, in a land across the sea, there lived a good king, who loved books more than anything else in the world.
One morning he was out walking in the country, where he had gone on holiday for a few days. As the sun was very hot, he stopped and sat down to rest on a seat under a tress. He took a book out of his pocket and tried to read it but, as he was very tired, he soon fell asleep.

Friday, September 2, 2011

ရာ ဇ သ င်္ကြံ ၏ ပန်း ပြား ပင် ချစ်ဦးညို

  • နာမည်ကျော် ရာဇ၀င်ထွက် ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါသည်။
    နောင်တော် သီဟသူ  ပုဂံပြည် ထီးနန်းကိုယူ၍ မင်းမူသောအခါ ညီတော် နရသီဟပတေ့က ရာဇသင်္ကြံအိမ်သွား၍ “ အဘိုး ကျွန်တော့် ကို မစပါ” ဟုဆို၏ ။အမတ်ကြီးက

Thursday, September 1, 2011

မြတ်စွာဘုရား၏ မြင့်မြတ်ခြင်းများ

၁။ ဇာတိမဟတ္တ- အမျိုးဇာတ်အားဖြင့်ကြီးကျယ်မြင့်မြတ်ခြင်း။
၂။ ပုညမဟတ္တ- ဘုန်းသမ္ဘာ ကိုသိုလ်ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း။

Friday, July 22, 2011

ဓမ္မအမေး အဖြေ

မေးခွန်း။         ဘုန်းဘုန်းဘုရား မန်ဒါရာ (မန္တရ၀ါဒ) ကဝဇိရယာန နဲ့  ဆက်စပ်နေ ပါလားဘုရား ၊ ဝဇိရယာနက English လို (Esoteric Buddhism - vajrayāna) ပါလားဘုရား။ တပည့် တော်လေ့လာ တိုက်ကြည့်နေတာ မသေချာလို့မေးကြည့်တာပါဘုရား။
                              Ma Yin Yin Aye (Department of Korean Studies) Ewha Womans University,

ဖြေ။     ၀ဇိရယာနကို သာသနာသက္ကရာဇ် ၁၁၄၄-၁၁၉၄ တွင် ဒုတိယနာဂဇုနက တီထွင်ပါသည်။

ဗောဓိသတ္တ


မဂ်ဉာဏ်လေးပါးနှင့် သဗ္ဗညုတဉာဏ်ကို ဗောဓိဟုခေါ်သည်၊ ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ ၀ါသနာနှင့်တကွ ကိလေသာတို့ကို ပယ်စွမ်းနိုင်သည့် သတ္တိထူးရှိသော မဂ်ဉာဏ်လေးပါး၊ ခပ်သိမ်းသော ဉေယျဓမ်တရားတို့ကို သိမြင်နိုင်သော သဗ္ဗညုတ်ဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟုတ်ခေါ်သည်၊