ဒီဘလော့ကို 19.1.2011. အမေ့များနေ့မှာ စတင်ဖွင့်လင့်ခြင်းဖြစ်ပါသည်၊ ပညာရှင်တစ်ယောက်အဖြစ်နဲ့ ဖန်တီးခဲ့တာ မဟုတ်တဲ့အတွက်ကြောင့် ပုထုဇဉ်မှန်သမျှ အမှားမကင်းဘူးဆိုတဲ့စကား အတိုင်း အခု ဘလော့ထောင်သော အရှင်သည်လည်း ပုထုဇဉ်တွေထဲက ပုထုဇဉ် တစ်ယောက်ဖြစ်သောကြောင့် အမှားကို လက်ဆွဲပြီး လမ်းလျှောက်မိပါလိမ့်။
ထိုသို့ အမှားကို လက်ဆွဲပြီး လမ်းလျှောက်နေတဲ့ အရှင်ကို အမှန်လမ်းပြပေးမည့်သူများရှိပါကလဲ ၀မ်းမြှောက်စွာ နည်းပေးလမ်းညွန်ဖို့ လက်ကမ်းပါတယ်၊ အခုထောင်သော ဘလော့ သည် လောကကြီးက ကြီးသည် ကိုယ်သိတာက နည်းသည် ဆိုတဲ့ စကားအတိုင်း ယခု ဘလော့ထောင်သော အရှင်သိတာသည်လည်း သမုဒ္ဒရာ ထဲမှ ရေတစ်ပေါက်မျှလောက်ရှိလိမ့်မည် မဟုတ်ပါ သို့ပါသော်လည်း ကျွန်ုပ်သိသော အသိတရား နည်းနည်းလေးကိုပဲ မျှဝေချင်သော ဆန္ဒ နေ့စဉ်ဖြတ်သန်းနေရသော ဘ၀ အတွေ့အကြုံတွေကို မှတ်တမ်းတစ်ခု အဖြစ် နဲ့ သိမ်းထားချင်သည်က တစ်ကြောင်းကြောင့် ယခု ဘလော့ကိုထောင်လိုက်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment