Tuesday, January 25, 2011

ရပ်ပြစ်(၈)ပါး

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်

(၁၊) ဘုရားပွင့်နေဆဲအခါ ငရဲကျနေသူတို့အရပ် ၊
(၂)တိရစ္ဆာန်ဘုံသို့ရောက်နေသောသူတို့အရပ် ၊
(၃)ပြိတ္တာ စသော အပါယ်အရပ်၌ရောက်သောသူတို့ အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊



(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊

(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်း တို့ဖြစ်ပါသည။်

0 comments:

Post a Comment