သြကာသ သြကာသ သြကာသ 
ကာယကံ ၀စီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍  အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း  အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ,  ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်  ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ 
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး,  ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး,  အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်  ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏  အရှင်ဘုရား။ 
 
 
 
 
 
 
 
0 comments:
Post a Comment